MyTel ႏွင့္ ဆက္စပ္သည္ဆိုသည့္ အေကာင့္မ်ား၏ ေနာ က္ကြယ္တြင္ ဗီယက္နမ္ PR ကုမၸဏီ ပါဝင္ပတ္သက္ေနေ ၾကာင္း ေဖ့စ္ဘြတ္ခ္ တာဝန္ရွိသူေျပာ

ဆက္သြယ္ေရး ေအာ္ပေရတာ MyTel ႏွင့္ပတ္သက္ ဆက္ႏႊယ္သည့္ ပုံမွန္မဟုတ္ေသာ စု ေပါင္းလႈံ႕ေဆာ္မႈ၏ ေနာက္ကြယ္၌ ဗီယက္နမ္အေျခစိုက္ PR ကုမၸဏီ Gapit Communications ပါဝင္ပတ္သက္ေနသည္ဟု ေဖ့စ္ ဘြတ္ခ္ လုံၿခဳံေရးေပၚလစီ အႀကီးအကဲ Mr. Nathaniel Gleicher က ေျပာသည္။

ပုံမွန္မဟုတ္ေသာ စုေပါင္းလႈံ႕ေဆာ္မႈ ျပဳလုပ္သူသည္ စာမ်က္ႏွာမ်ားစြာကို စီမံခန႔္ခြဲရန္ အေကာင့္တုမ်ားကို အသုံးျပဳ ၿပီး ဆက္သြယ္ေရး ဝန္ေဆာင္မႈ တစ္ခုခ်င္းစီ၏ အေၾကာင္းအရာ မ်ားကို တင္ဆက္သည့္ သတင္း ခန္းပုံအေယာ င္ေဆာင္ခဲ့ သည္ဟု ၎ကေျပာသည္။

ေဖ့စ္ဘြတ္ခ္သည္ ေဖေဖာ္ဝါရီ ၁၂ ရက္တြင္ ဗီယက္နမ္ႏွင့္ ျမန္မာႏိုင္ငံတြင္ အေျချပဳ၍ ပုံမွန္မဟုတ္ေသာ လႈံ႕ေဆာ္မႈမ်ား ျပဳလုပ္ေနသည့္ အေကာင့္ ၁၃ ခုႏွင့္ Page ၁၀ ခုကို ပိတ္သိမ္းခဲ့သည္။ Page Admin ႏွင့္ အေကာင့္ပိုင္ရွင္မ်ားသည္ ျမန္မာႏိုင္ငံ ဆက္သြယ္ေရးကုမၸဏီမ်ား အရႈံးေပၚၿပီး ေဈးကြက္မွ ထြက္သြားေတာ့မည့္ အေၾကာင္း၊ ဝန္ေဆာင္မႈ အ သုံးျပဳသူမ်ားကို လက္တစ္လုံးျခားလွည့္ျဖားၿပီး အျမတ္ထုတ္ေနေၾကာင္းစသည့္ သတင္းမွားမ်ားကို အဂၤလိပ္- ျမန္မာႏွစ္ဘာသာႏွင့္ ေရးသားျဖန႔္ခ်ိခဲ့ေၾကာင္း ေဖ့စ္ဘြတ္ခ္က ထုတ္ျပန္သည္ ။

‘‘ကြၽန္ေတာ္တို႔ရဲ႕ ဝန္ေဆာင္မႈ ကို အသုံးခ်ၿပီး လူေတြကို လွည့္ျဖား လႊမ္းမိုးေနတာကို မလိုလားတဲ့အတြက္ ဒီလုပ္ရပ္ကို ရွာေဖြေဖာ္ထုတ္ၿပီး ရပ္တန႔္သြားေအာင္ တားဆီးဖို႔ အၿမဲတေစ ႀကိဳးစားေန ပါတယ္။ အခု ဖယ္ရွားခံလိုက္ရတဲ့ စာမ်က္ႏွာ၊ Group နဲ႔ အေကာင့္ ေတြဟာ သူတို႔တင္တဲ့ အေၾကာင္းအရာ ပို႔စ္ေၾကာင့္ ဖယ္ရွားခံရတာ မဟုတ္ပါဘူး။ ပုံမွန္မဟုတ္တဲ့ အျပဳအမူေတြေၾကာင့္သာ ဖယ္ရွားတာပါ’’ဟု Mr. Nathaniel Gleicher က ေျပာသည္။

အဆိုပါ စုေပါင္းလႈံ႕ေဆာ္မႈတြင္ ပါဝင္ပတ္သက္ေနသည္ဆို သည့္ Gapit Communications ကုမၸဏီသည္ ေဈးကြက္ ရွာေဖြေရး ႏွင့္ ေၾကာ္ျငာလုပ္ငန္းကို အဓိက ဝန္ ေဆာင္မႈေပးၿပီး ၂၀၀၅ တြင္ ဟႏြိဳင္းၿမိဳ႕၌ အေျချပဳတည္ ေထာင္ခဲ့ျခင္း ျဖစ္သည္။

MyTel က ၎တို႔အေနျဖင့္ အျခားလူမ်ား၏ မေကာင္း ေၾကာင္းကို မေျပာရန္ အစဥ္ၾကပ္မတ္ခဲ့ေၾကာင္း ဝန္ထမ္း မ်ားအ ေနျဖင့္ ယခုကဲ့သို႔ အျပဳအမႈကို လုပ္ေဆာင္ခဲ့ပါက သတ္မွတ္စည္းကမ္းႏွင့္အညီ အေရးယူ မည္ျဖစ္ေ ၾကာင္း ေဖာ္ေဖာ္ဝါရီ ၁၃ ရက္တြင္ ထုတ္ျပန္ခဲ့သည္။

ေဖ့စ္ဘြတ္ခ္ ကုမၸဏီကမႈ ၿပိဳင္ဘက္ဆက္သြယ္ေရး ေအာ္ပေရတာမ်ား၏ မေကာင္းေၾကာင္းကို ေရးသားထား သည့္ Myanmar Telecom Promotions ေဖ့စ္ဘြတ္ခ္ ေပ့ခ်္ႏွင့္ Mandalay Telecom ေဖ့စ္ဘြတ္ခ္ေပ့ခ်္ ႏွစ္ခုကို သက္ေသ အေထာက္အထားအေနျဖင့္ထုတ္ေဖာ္ျပသခဲ့သည္။ အဆိုပါ ေပ့ခ်္မ်ားကို ႀကိဳးကိုင္ထားသူမ်ားသည္ ၎တို႔၏ ကိုယ္ေရး အခ်က္အလက္ကို ဖုံးကြယ္ခဲ့ေသာ္ လည္း MyTel ႏွင့္ပတ္သက္ ဆက္ႏႊယ္ေနသည္ကို စုံစမ္းစစ္ေဆးႏိုင္ခဲ့သည္ဟု ေဖ့စ္ဘြတ္ ခ္ကုမၸ ဏီက ထုတ္ျပန္ခဲ့သည္။

Credit; 7 Day News Journals

Unicode

MyTel နှင့် ဆက်စပ်သည်ဆိုသည့် အကောင့်များ၏ နောက်ကွယ်တွင် ဗီယက်နမ် PR ကုမ္ပဏီ ပါဝင်ပတ်သက် နေကြောင်း ဖေ့စ်ဘွတ်ခ် တာဝန်ရှိသူပြော

ဆက်သွယ်ရေး အော်ပရေတာ MyTel နှင့်ပတ်သက် ဆက်နွှယ်သည့် ပုံမှန်မဟုတ်သော စု ပေါင်းလှုံ့ဆော်မှု၏ နောက်ကွယ်၌ ဗီယက်နမ်အခြေစိုက် PR ကုမ္ပဏီ Gapit Communications ပါဝင်ပတ်သက်နေသည်ဟု ဖေ့စ် ဘွတ်ခ် လုံခြုံရေးပေါ်လစီ အကြီးအကဲ Mr. Nathaniel Gleicher က ပြောသည်။

ပုံမှန်မဟုတ်သော စုပေါင်းလှုံ့ဆော်မှု ပြုလုပ်သူသည် စာမျက်နှာများစွာကို စီမံခန့်ခွဲရန် အကောင့်တုများကို အသုံးပြု ပြီး ဆက်သွယ်ရေး ဝန်ဆောင်မှု တစ်ခုချင်းစီ၏ အကြောင်းအရာ များကို တင်ဆက်သည့် သတင်း ခန်းပုံအယော င်ဆောင်ခဲ့ သည်ဟု ၎င်းကပြောသည်။

ဖေ့စ်ဘွတ်ခ်သည် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗီယက်နမ်နှင့် မြန်မာနိုင်ငံတွင် အခြေပြု၍ ပုံမှန်မဟုတ်သော လှုံ့ဆော်မှုများ ပြုလုပ်နေသည့် အကောင့် ၁၃ ခုနှင့် Page ၁၀ ခုကို ပိတ်သိမ်းခဲ့သည်။ Page Admin နှင့် အကောင့်ပိုင်ရှင်များသည် မြန်မာနိုင်ငံ ဆက်သွယ်ရေးကုမ္ပဏီများ အရှုံးပေါ်ပြီး ဈေးကွက်မှ ထွက်သွားတော့မည့် အကြောင်း၊ ဝန်ဆောင်မှု အ သုံးပြုသူများကို လက်တစ်လုံးခြားလှည့်ဖြားပြီး အမြတ်ထုတ်နေကြောင်းစသည့် သတင်းမှားများကို အင်္ဂလိပ်- မြန်မာနှစ်ဘာသာနှင့် ရေးသားဖြန့်ချိခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်သည် ။

‘‘ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှု ကို အသုံးချပြီး လူတွေကို လှည့်ဖြား လွှမ်းမိုးနေတာကို မလိုလားတဲ့အတွက် ဒီလုပ်ရပ်ကို ရှာဖွေဖော်ထုတ်ပြီး ရပ်တန့်သွားအောင် တားဆီးဖို့ အမြဲတစေ ကြိုးစားနေ ပါတယ်။ အခု ဖယ်ရှားခံလိုက်ရတဲ့ စာမျက် နှာ၊ Group နဲ့ အကောင့် တွေဟာ သူတို့တင်တဲ့ အကြောင်းအရာ ပို့စ်ကြောင့် ဖယ်ရှားခံရတာ မဟုတ်ပါဘူး။ ပုံမှန်မဟုတ် တဲ့ အပြုအမူတွေကြောင့်သာ ဖယ်ရှားတာပါ’’ဟု Mr. Nathaniel Gleicher က ပြောသည်။

အဆိုပါ စုပေါင်းလှုံ့ဆော်မှုတွင် ပါဝင်ပတ်သက်နေသည်ဆို သည့် Gapit Communications ကုမ္ပဏီသည် ဈေးကွက် ရှာဖွေရေး နှင့် ကြော်ငြာလုပ်ငန်းကို အဓိက ဝန် ဆောင်မှုပေးပြီး ၂၀၀၅ တွင် ဟနွိုင်းမြို့၌ အခြေပြုတည် ထောင်ခဲ့ခြင်း ဖြစ်သည်။

MyTel က ၎င်းတို့အနေဖြင့် အခြားလူများ၏ မကောင်း ကြောင်းကို မပြောရန် အစဉ်ကြပ်မတ်ခဲ့ကြောင်း ဝန်ထမ်း များအ နေဖြင့် ယခုကဲ့သို့ အပြုအမှုကို လုပ်ဆောင်ခဲ့ပါက သတ်မှတ်စည်းကမ်းနှင့်အညီ အရေးယူ မည်ဖြစ်ေ ကြာင်း ဖော်ဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဖေ့စ်ဘွတ်ခ် ကုမ္ပဏီကမှု ပြိုင်ဘက်ဆက်သွယ်ရေး အော်ပရေတာများ၏ မကောင်းကြောင်းကို ရေးသားထား သည့် Myanmar Telecom Promotions ဖေ့စ်ဘွတ်ခ် ပေ့ချ်နှင့် Mandalay Telecom ဖေ့စ်ဘွတ်ခ်ပေ့ချ် နှစ်ခုကို သက်သေ အထောက်အထားအနေဖြင့်ထုတ်ဖော်ပြသခဲ့သည်။ အဆိုပါ ပေ့ချ်များကို ကြိုးကိုင်ထားသူများသည် ၎င်းတို့၏ ကိုယ် ရေး အချက်အလက်ကို ဖုံးကွယ်ခဲ့သော် လည်း MyTel နှင့်ပတ်သက် ဆက်နွှယ်နေသည်ကို စုံစမ်းစစ်ဆေး နိုင်ခဲ့သည်ဟု ဖေ့စ်ဘွတ် ခ်ကုမ္ပ ဏီက ထုတ်ပြန်ခဲ့သည်။

Credit; 7 Day News Journals

Leave a Reply

Your email address will not be published. Required fields are marked *