ဖခင်ဖြစ်သူ၏ သားမယားပြု ခင်းကို ခံရသည့် ၁၄နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကိုယ်ဝန်(၅) လခန့် ရှိချိန်တွင် ရဲစခန်း၌ အမှု့ဖွင့်






Unicode

ဖခင်ဖြစ်သူ၏ သားမယားပြု ခြင်းကို ခံရသည့် ၁၄နှစ် အရွယ် အမျိုးသမီး ငယ်တစ်ဦး ကိုယ်ဝန်(၅) လခန့်ရှိ ချိန်တွင် ရဲစခန်း၌အမှု့ဖွင့်

ဖခင်ဖြစ်သူ၏ သားမယားပြုခြင်းကို ခံရသည့် ၁၄နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကိုယ်ဝန်(၅)လခန့်ရှိချိန်တွင် ရဲစခန်း သို့အမှု့ဖွင့်တိုင်တန်းမှု့ ဖေဖော်ဝါရီ ၂၄ရက်နေ့က လှည်းကူးမြို့နယ် ဒါးပိန်ရဲစခန်းအပိုင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လှည်းကူးမြို့နယ် ဒါးပိန်ရဲစခန်းအပိုင် ဒါးပိန်တောင်ကျေးရွာ(အရှေ့ပိုင်း)နေသူ ဒေါ်အမာကြည် (၃၇)နှ စ်သည် သမီးဖြစ်သူ မ—-(၁၄)နှစ်၏ ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်းမဟုတ်ပဲ ခါးတုတ်ပြီး ဗိုက်ပူနေသောကြောင့် သမီး ဖြစ်သူအား မေးမြန်းကြည့်စဉ်

ဒေါ်အမာကြည်၏ခင်ပွန်း မ—–၏ ဖခင်အရင်းဖြစ်သူ သိန်းဝင်း(၄၀)နှစ်(ဘ)ဦးထွန်းမြိုင်(လိပ်စာတူ)နေသူမှ အလိုမ တူသားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခြင်းခံခဲ့ရကြောင်း သိရှိခဲ့ရာက ဒေါ်အမာကြည်မှ သမီးဖြစ်သူ အား နီးစပ်ရာ ဆေးခန်းသို့ခေါ်ဆောင်၍ စစ်ဆေးကြည့်ရာ မ—-တွင် ကိုယ်ဝန်(၅)လခန့်ရှိကြောင်း သိရသဖြင့် ခင်ပွန်းဖြစ်သူ သိန်းဝင်းကို ဥပဒေအရအရေးယူပေးပါရန် ဒေါ်အမာကြည်မှ တရားလိုပြုလုပ်ကာ ဒါးပိန်နယ်မြေ ရဲတပ်ဖွဲစခန်းထံ၌ အမှု့ဖွင့်တိုင်ကြား ခဲ့ခြင်းဖြစ်သည်။

တရားလို၏တိုင်ကြားချက်အရ သမီးဖြစ်သူအလိုမတူပဲ ကိုယ်ဝန်ရရှိအောင် အလိုမတူအကြိမ်ကြိမ်သား မယားပြုကျင့် ခဲ့သည်ဟု ဆိုသော သိန်းဝင်းကို ဒါးပိန်နယ်မြေရဲ တက်ဖွဲ့စခန်းကဖမ်းဆီးကာ (ပ)၇၉/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့်အမှု့ဖွင့် ခဲ့ကြောင်း သိရသည်။

Source-ကျော်စွာ(လှည်းကူး) #Myanmar_Online_News

Leave a Reply

Your email address will not be published. Required fields are marked *