လပြတၱာၿမိဳ႕တြင္ ဓာတ္ဆီဟုယူဆရသည့္ အရည္ေလာင္း ၍ မီးရႈိ႕ခံရေသာ ၁၃ အ႐ြယ္ေ ယာက်္ားေ လးအား ရန္ကုန္ေဆး႐ုံႀကီးသို႔ ေျပာင္းေ႐ႊ႕ ကုသေနၿပီး ေရေႏြး ပူေလာင္ျ ခင္းဟု မိခင္ျဖစ္ သူေျပာၾကား

လပြတၱာၿမိဳ႕တြင္ ဓာတ္ဆီဟုယူဆရသည့္ အရည္ေလာင္း၍ မီးရႈိ႕ခံရေသာ ၁၃ ႏွစ္အ႐ြယ္ ေယာက်္ာေလးအား လပြတၱာၿမိဳ႕ သုံးမိုင္ေဆး႐ုံမွ ရန္ကုန္ေဆး႐ုံႀကီးသို႔ ေဖေဖာ္ဝါရီ ၂၅ ရက္က ေျပာင္းေ႐ႊ႕လာၿပီး ကုသမႈခံယူေနေ ၾကာင္း သိရသည္။

အဆိုပါ ၁၃ ႏွစ္အ႐ြယ္ ေယာက်္ားေလး၏ ခႏၶာကိုယ္တြင္ရရွိေနေသာ ဒဏ္ရာမ်ားမွာ ေဆာ့ကစားရင္း ေရေႏြး ပူေလာင္ျခင္းျဖစ္ေၾကာင္း ကေလး၏မိခင္ျဖစ္သူ မသက္မာက ေျပာၾကားသည္။

“ဒီဇယ္နဲ႔လည္း မေလာင္းဘူး။ ဓာတ္ဆီနဲ႔လည္း မေလာင္ဘူး။ သူ႔ဟာ သူေဆာ့ရင္းနဲ႔ ေရေႏြးပူေလာင္တာ။ သူ႔အစ္ကိုနဲ ႔ေဆာ့တာ” ဟု မိခင္ျဖစ္သူ မသက္မာက ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ ေျပာၾကားသည္။

သုံးမိုင္ေဆး႐ုံမွ ေဖေဖာ္ဝါရီ ၂၄ ရက္ ညပိုင္းတြင္ ထြက္ခြာ လာၿပီး ရန္ကုန္ေဆး႐ုံႀကီးသို႔ ေဖေဖာ္ဝါရီ ၂၅ ရက္ နံနက္ ၃ နာရီ ခြဲတြင္ ေရာက္ရွိလာၿပီး ယခုခ်ိန္တြင္ ေဆး႐ုံႀကီး၏ ငါးထပ္ေဆာင္ရွိ ခြဲစိတ္ကုသေဆာင္ (၃) တြင္ ကုသမႈ ခံယူလ်က္ရွိေၾကာင္း သိရသည္။

“လပြတၱာၿမိဳ႕နယ္က ကေလးလူနာကို လပြတၱာသုံးမိုင္ေဆး႐ုံကေန ရန္ကုန္ျပည္သူ႔ ေဆး႐ုံႀကီးကို ဦးဇင္းတို႔လူမႈ ကူညီေရး အဖြဲ႕ကေန လိုက္ပို႔ေပးခဲ့ ပါတယ္။ မနက္ ၃ နာရီခြဲ ေလာက္က ေရာက္ပါတယ္။ ကေလးနဲ႔အတူ ကေလးအေမ ရယ္၊ အမ်ိဳးေတြရယ္ အားလုံးေလးေယာက္ ပါပါတယ္” ဟု လိုက္ပါပို႔ေဆာင္ေပးခဲ့ေသာ က႐ုဏာမ်က္ဝန္း လူမႈကူညီေရးအဖြဲ႕(လပြတၱာၿမိဳ႕)မွ အရွင္ပညာေလာကက မိန႔္ၾကားသည္။

ရန္ကုန္ေဆး႐ုံႀကီးတြင္ ကုသမႈခံယူေနေသာ အသက္ ၁၃ ႏွစ္အ႐ြယ္ကေလးအား သြားေရာက္ ၾကည့္ရႈရာတြင္ ကေလးမွာ ေစာင္ႏွစ္ထပ္ခန႔္ပတ္၍ အိပ္ေပ်ာ္ေနၿပီး မ်က္ႏွာေပၚရွိ ဒဏ္ရာမ်ားႏွင့္ ဦးေခါင္းရွိ ဆံပင္မ်ားတြင္ မီးေလာင္ထား သည့္သဏၭာန္ ေတြ႕ျမင္ခဲ့ရသည္။ ကေလးႏွင့္အတူ မိခင္၊ အေဒၚေတာ္စပ္သည္ဟုဆိုေသာ အမ်ိဳးသမီးႏွစ္ဦး၊ အမ်ိဳးသားတစ္ဦး လိုက္ပါလာၿပီး နံနက္ပိုင္းတြင္ ရဲသုံးဦးက အရပ္ဝတ္မ်ားျဖင့္ လာေရာက္ေမးျမန္း မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ လပြတၱာၿမိဳ႕မွ အဆိုပါ ကေလး၏ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ လူမႈကြန္ယက္ Facebook ေပၚတြင္ JUSTICE FOR SECOND VICTORIA (Laputta) အမည္ျဖင့္ Profile ေျပာင္း၍ တရားမွ်တမႈရရွိေရး လႈပ္ရွားမႈ ျပဳလုပ္လ်က္ရွိေ ၾကာင္း သိရသည္။

ဧရာဝတီတိုင္းေဒသႀကီး လပြတၱာၿမိဳ႕တြင္ ေဖေဖာ္ဝါရီ ၁၉ရက္က တုႏႈိင္းမမွီထမင္းႏွင့္ ရခိုင္မုန႔္တီဆိုင္တြင္ ဆိုင္အ ကူအျဖစ္ လုပ္ကိုင္ေနသည့္ ကေလးငယ္တစ္ဦးအား ေငြရွစ္ေသာင္းက်ပ္ ခိုးယူသည္ဟုဆိုကာ ဆိုင္ရွင္ျဖစ္သူက ဓာတ္ဆီဟု ယူဆရသည့္အရည္ေလာင္း၍ မီးရႈိ႕ခဲ့သည့္ျဖစ္စဥ္ ျဖစ္ပြားမႈအေပၚ ဧရာဝတီတိုင္းေဒသႀကီး ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ေကာ္မတီမွ ေဖေဖာ္ဝါရီ ၂၃ ရက္တြင္ လပြတၱာၿမိဳ႕ ၿမိဳ႕မရဲစခန္း၌ အမႈဖြင့္တိုင္ၾကား ခဲ့ေ ၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီ ၁၉ ရက္တြင္ လပြတၱာၿမိဳ႕ အမွတ္(၁)ရပ္ကြက္ စည္ပင္သာယာလမ္းရွိ တုႏႈိင္းမမွီထမင္းႏွင့္ ရခိုင္ မုန႔္တီဆိုင္တြင္ မိခင္ႏွင့္အတူ ဆိုင္အကူအျဖစ္ လုပ္ကိုင္ေနေသာ ေမာင္ဖိုးစေန ( ၁၃ႏွစ္) အား ဆိုင္ရွင္ျဖစ္သူ ေဒၚခ်ိဳခ်ိဳစန္းက ဆိုင္ရွိေငြက်ပ္ရွစ္ေသာင္းအား ခိုးယူခဲ့သည္ဟုဆိုကာ ညေန ၃ နာရီခန႔္မွစ၍ ဆူပူႀကိမ္းေမာင္း ခဲ့ေၾကာင္း၊ ထို ႔ေနာက္ ယင္းေန႔ ည ၁ဝနာရီ ခန႔္တြင္ ဆိုင္ရွင္ျဖစ္သူ ေဒၚခ်ိဳခ်ိဳစန္းမွာ ေမာင္ဖိုးစေနအား ေပ်ာက္ဆုံးေနသည့္ ေငြေၾကးမ်ားႏွင့္ပတ္သက္၍ ဆက္လက္စစ္ေဆးရာတြင္ ေမာင္ဖိုးစေန၏ ခႏၶာကိုယ္ေပၚ သို႔ ဓာတ္ဆီဟု ယူဆရသည့္ အရည္တစ္မ်ိဳးကို ေလာင္းခ်ကာ ေပ်ာက္ဆုံးေနသည့္ ေငြေၾကးမ်ားႏွင့္ ပတ္သက္၍ မေျပာပါက မီးရႈိ႕မည္ဟု လက္တြင္ အသင့္ကိုင္ထားေသာ မီးျခစ္အားျပသကာ ၿခိမ္းေျခာက္ခဲ့ေၾကာင္း၊ ထိုသို႔ စစ္ေမးေနစဥ္

မီးျခစ္မွ မီးပြင့္ကာေမာင္ ဖိုးစေန၏ ခႏၶာကိုယ္အေပၚတစ္ျခမ္းလုံးနီးပါး မီးေလာင္ကြၽမ္းခဲ့ရၿပီး လပြတၱာ သုံးမိုင္ၿမိဳ႕ သစ္ရွိ ေဆး႐ုံႀကီးသို႔ တင္ပို႔ခဲ့ရေၾကာင္း၊ ယင္းသို႔တင္ပို႔ရာတြင္ ေမာင္ဖိုးစေနမွာ ဆိုင္အတြက္ ခ်က္ျပဳတ္ထားေသာ ဟင္းခ်ိဳအိုး ေမွာက္က်ရမွာတစ္ဆင့္ အပူေလာင္သြားသည္ဟုဆိုကာ ေဆးကုေစခဲ့ေၾကာင္း၊ အဆိုပါျဖစ္စဥ္အား မ်က္ျ မင္ေတြ႕ရွိသူအခ်ိဳ႕က လူမႈကြန္ရက္စာမ်က္ႏွာမ်ား မွတစ္ဆင့္ သတင္းမ်ားျဖန႔္ျဖဴးရာမွ ကေလးငယ္မွာ ဟင္းခ်ိဳ အိုးေ မွာက္ျခင္း မဟုတ္ဘဲ မီးေလာင္ဒဏ္သင့္သည့္ ဒဏ္ရာမ်ားဟု ယူဆရေသာေၾကာင့္ ဧရာဝတီတိုင္းေဒသႀကီး ကေလး သူငယ္အခြင့္အေရးမ်ားဆိုင္ရာေကာ္မတီက လပြတၱာၿမိဳ႕သို႔ လာေရာက္စုံစမ္းၿပီးေနာက္ ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္တိုင္ ၾကားရျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရသည္။

Credit; Eleven Media Group

Unicode

လပွတ္တာမြို့တွင် ဓာတ်ဆီဟု ယူဆရသည့် အရည်လောင်း ၍ မီးရှို့ခံရသော ၁၃ အရွယ်ယောကျ်ား လေးအား ရန်ကုန် ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနေပြီး ရေနွေးပူလောင် ခြင်းဟု မိခင်ဖြစ်သူပြောကြား

လပွတ္တာမြို့တွင် ဓာတ်ဆီဟုယူဆရသည့် အရည်လောင်း၍ မီးရှို့ခံရသော ၁၃ နှစ်အရွယ် ယောကျ်ာလေးအား လပွတ္တာ မြို့ သုံးမိုင်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ ဖေဖော်ဝါရီ ၂၅ ရက်က ပြောင်းရွှေ့လာပြီး ကုသမှုခံယူနေေ ကြာင်း သိရသည်။

အဆိုပါ ၁၃ နှစ်အရွယ် ယောကျ်ားလေး၏ ခန္ဓာကိုယ်တွင်ရရှိနေသော ဒဏ်ရာများမှာ ဆော့ကစားရင်း ရေနွေး ပူလောင် ခြင်းဖြစ်ကြောင်း ကလေး၏မိခင်ဖြစ်သူ မသက်မာက ပြောကြားသည်။

“ဒီဇယ်နဲ့လည်း မလောင်းဘူး။ ဓာတ်ဆီနဲ့လည်း မလောင်ဘူး။ သူ့ဟာ သူဆော့ရင်းနဲ့ ရေနွေးပူလောင်တာ။ သူ့အစ်ကို နဲ့ဆော့တာ” ဟု မိခင်ဖြစ်သူ မသက်မာက ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြောကြားသည်။

သုံးမိုင်ဆေးရုံမှ ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းတွင် ထွက်ခွာ လာပြီး ရန်ကုန်ဆေးရုံကြီးသို့ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၃ နာရီ ခွဲတွင် ရောက်ရှိလာပြီး ယခုချိန်တွင် ဆေးရုံကြီး၏ ငါးထပ်ဆောင်ရှိ ခွဲစိတ်ကုသဆောင် (၃) တွင် ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

“လပွတ္တာမြို့နယ်က ကလေးလူနာကို လပွတ္တာသုံးမိုင်ဆေးရုံကနေ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ဦးဇင်းတို့လူမှု ကူညီ ရေး အဖွဲ့ကနေ လိုက်ပို့ပေးခဲ့ ပါတယ်။ မနက် ၃ နာရီခွဲ လောက်က ရောက်ပါတယ်။ ကလေးနဲ့အတူ ကလေးအမေ ရယ်၊ အမျိုးတွေရယ် အားလုံးလေးယောက် ပါပါတယ်” ဟု လိုက်ပါပို့ဆောင်ပေးခဲ့သော ကရုဏာမျက်ဝန်း လူမှုကူညီရေး အဖွဲ့(လပွတ္တာမြို့)မှ အရှင်ပညာလောကက မိန့်ကြားသည်။

ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူနေသော အသက် ၁၃ နှစ်အရွယ်ကလေးအား သွားရောက် ကြည့်ရှုရာတွင် ကလေး မှာ စောင်နှစ်ထပ်ခန့်ပတ်၍ အိပ်ပျော်နေပြီး မျက်နှာပေါ်ရှိ ဒဏ်ရာများနှင့် ဦးခေါင်းရှိ ဆံပင်များတွင် မီးလောင်ထား သည့်သဏ္ဌာန် တွေ့မြင်ခဲ့ရသည်။ ကလေးနှင့်အတူ မိခင်၊ အဒေါ်တော်စပ်သည်ဟုဆိုသော အမျိုးသမီးနှစ်ဦး၊ အမျိုးသား တစ်ဦး လိုက်ပါလာပြီး နံနက်ပိုင်းတွင် ရဲသုံးဦးက အရပ်ဝတ်များဖြင့် လာရောက်မေးမြန်း မှုများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ဆက်လက်၍ လပွတ္တာမြို့မှ အဆိုပါ ကလေး၏ ဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ယက် Facebook ပေါ်တွင် JUSTICE FOR SECOND VICTORIA (Laputta) အမည်ဖြင့် Profile ပြောင်း၍ တရားမျှတမှုရရှိရေး လှုပ်ရှားမှု ပြုလုပ်လျက်ရှိေ ကြာင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့တွင် ဖေဖော်ဝါရီ ၁၉ရက်က တုနှိုင်းမမှီထမင်းနှင့် ရခိုင်မုန့်တီဆိုင်တွင် ဆိုင်အကူ အဖြစ် လုပ်ကိုင်နေသည့် ကလေးငယ်တစ်ဦးအား ငွေရှစ်သောင်းကျပ် ခိုးယူသည်ဟုဆိုကာ ဆိုင်ရှင်ဖြစ်သူက ဓာတ်ဆီ ဟု ယူဆရသည့်အရည်လောင်း၍ မီးရှို့ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားမှုအပေါ် ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ် အခွင့်အ ရေးများဆိုင်ရာ ကော်မတီမှ ဖေဖော်ဝါရီ ၂၃ ရက်တွင် လပွတ္တာမြို့ မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြား ခဲ့ေကြာင်း သိရ သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၉ ရက်တွင် လပွတ္တာမြို့ အမှတ်(၁)ရပ်ကွက် စည်ပင်သာယာလမ်းရှိ တုနှိုင်းမမှီထမင်းနှင့် ရခိုင် မုန့်တီဆိုင်တွင် မိခင်နှင့်အတူ ဆိုင်အကူအဖြစ် လုပ်ကိုင်နေသော မောင်ဖိုးစနေ ( ၁၃နှစ်) အား ဆိုင်ရှင်ဖြစ်သူ ဒေါ်ချိုချိုစန်းက ဆိုင်ရှိငွေကျပ်ရှစ်သောင်းအား ခိုးယူခဲ့သည်ဟုဆိုကာ ညနေ ၃ နာရီခန့်မှစ၍ ဆူပူကြိမ်းမောင်း ခဲ့ ကြောင်း၊ ထို့နောက် ယင်းနေ့ ည ၁ဝနာရီ ခန့်တွင် ဆိုင်ရှင်ဖြစ်သူ ဒေါ်ချိုချိုစန်းမှာ မောင်ဖိုးစနေအား ပျောက်ဆုံးနေ သည့် ငွေကြေးများနှင့် ပတ်သက်၍ ဆက်လက်စစ်ဆေးရာတွင် မောင်ဖိုးစနေ၏ ခန္ဓာကိုယ်ပေါ် သို့ ဓာတ်ဆီဟု ယူဆ ရသည့် အရည်တစ်မျိုးကို လောင်းချကာ ပျောက်ဆုံးနေသည့် ငွေကြေးများနှင့် ပတ်သက်၍ မပြောပါက မီးရှို့မည်ဟု လက်တွင် အသင့်ကိုင်ထားသော မီးခြစ်အားပြသကာ ခြိမ်းခြောက်ခဲ့ကြောင်း၊ ထိုသို့ စစ်မေးနေစဉ်

မီးခြစ်မှ မီးပွင့်ကာမောင် ဖိုးစနေ၏ ခန္ဓာကိုယ်အပေါ်တစ်ခြမ်းလုံးနီးပါး မီးလောင်ကျွမ်းခဲ့ရပြီး လပွတ္တာ သုံးမိုင်မြို့သစ် ရှိ ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း၊ ယင်းသို့တင်ပို့ရာတွင် မောင်ဖိုးစနေမှာ ဆိုင်အတွက် ချက်ပြုတ်ထားသော ဟင်းချို အိုး မှောက်ကျရမှာတစ်ဆင့် အပူလောင်သွားသည်ဟုဆိုကာ ဆေးကုစေခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်အား မျက်ြ မင်တွေ့ ရှိသူအချို့က လူမှုကွန်ရက်စာမျက်နှာများ မှတစ်ဆင့် သတင်းများဖြန့်ဖြူးရာမှ ကလေးငယ်မှာ ဟင်းချို အိုးေမှာက် ခြင်း မဟုတ်ဘဲ မီးလောင်ဒဏ်သင့်သည့် ဒဏ်ရာများဟု ယူဆရသောကြောင့် ဧရာဝတီတိုင်းဒေသကြီး ကလေး သူငယ် အခွင့်အရေးများဆိုင်ရာကော်မတီက လပွတ္တာမြို့သို့ လာရောက်စုံစမ်းပြီးနောက် မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြား ရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *