၀မ္းတြင္းၿမိဳ႕နယ္တြင္ စိုက္ပ်ိဳးစရိတ္ေခ်းေငြ က်ပ္သိန္း(၂၀၀)ေက်ာ္ အလြဲသုံး စားျပဳလုပ္ခဲ့သည့္ အတြင္း ေရးမႉးအား ဘဏ္မန္ေနဂ်ာမွ အမႈဖြင့္

မႏၲေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕နယ္တြင္ ေက်း႐ြာအုပ္စု စိုက္ပ်ိဳးစရိတ္ေခ်းေငြ စိစစ္ေရးေကာ္မတီ အတြင္းေရးမႉးက စိုက္ပ်ိဳးစရိတ္ေခ်းေငြ က်ပ္သိန္း(၂၀၀)ေက်ာ္ အလြဲသုံးစားမႈ ျပဳလုပ္သည္ဟုဆိုကာ ဘဏ္မန္ေန ဂ်ာက ၿမိဳ႕နယ္ရဲစခန္း၌ အမႈဖြင့္တိုင္တန္းမႈ ေဖေဖၚဝါရီ(၂၅)ရက္က ျဖစ္ပြားခဲ့သည္။

ႏိုင္ငံေတာ္ပိုင္ စိုက္ပ်ိဳး စရိတ္ေခ်းေငြ က်ပ္သိန္း(၂၀၀)ေက်ာ္ အလြဲသုံးစားျပဳသည္ဟုဆိုကာ ဝမ္းတြင္းၿမိဳ႕နယ္ ေညာင္းအု ပ္ဖီးေက်း႐ြာေန အသက္(၃၆)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို အေရးယူေပးရန္ ၿမိဳ႕နယ္ဘဏ္မန္ေနဂ်ာက အမႈဖြင့္တိုင္တန္းသျဖင့္ ဝမ္းတြင္းၿမိဳ႕မရဲစခန္းတြင္ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၄၀၉ (ျပစ္မႈမကင္းေသာ ယုံ ၾကည္အပ္ႏွံေရး ေဖာက္ဖ်က္မႈ) ျဖင့္ အမႈဖြင့္ထားသည္ဟု ရဲစခန္းတာဝန္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါ ေညာင္းအုပ္ဖီးေက်း႐ြာအုပ္စု စိုက္ပ်ိဳးစရိတ္ ေခ်းေငြစိစစ္ေရး အတြင္းေရးမႉး သည္ေတာင္သူ(၁၁) ဦး၏ လက္မွတ္အတုမ်ားျဖင့္ ဝမ္းတြင္းၿမိဳ႕နယ္ လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္မွ ေငြက်ပ္သိန္း(၁၃၀)ေက်ာ္ ထုတ္ယူကာ ကိုယ္က်ိဳး အတြက္ သုံးစြဲခဲ့ေၾကာင္း၊ ထို႔အျပင္ ယင္းေက်း႐ြာေန ေတာင္သူ(၁၂)ဦးမွ ၎ထံေပးသြင္းထားသည့္ ၂၀၁၈ မိုး စပါးေခ်းေငြ က်ပ္သိန္း(၈၀)ေက်ာ္ကိုလည္း လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္သို႔ ျပန္လည္ေပး သြင္းျခင္း မရွိဘဲ ကိုယ္ က်ိဳးအတြက္ သုံးစြဲခဲ့သည္ဟုဆိုကာ အမႈဖြင့္ထားျခင္း ျဖစ္ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

အဆိုပါ အမႈႏွင့္ပတ္သက္၍ ေညာင္းအုပ္ဖီးေက်း႐ြာအုပ္စု စိုက္ပ်ိဳးစရိတ္ေ ခ်းေငြစိစစ္ေရး အတြင္းေရးမႉးကို ဖမ္း ဆီးရမိေရး ေဆာင္႐ြက္ေနေၾကာင္း ဝမ္းတြင္းၿမိဳ႕မရဲစခန္းမွ တာဝန္ရွိရဲ အရာရွိတစ္ဦးက ေျပာသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ လြန္ခဲ့သည့္ ႏွစ္လေက်ာ္ကတည္းက ေက်း႐ြာေဒသခံ ေတာင္သူမ်ားမွ ရဲစခန္းတြင္ အမႈ ဖြင့္ရန္ လုပ္ေဆာင္ခဲ့ေသာ္လည္း ေခ်းေငြ စိစစ္ေရးေကာ္မတီ အတြင္းေရးမႉးက ေငြေၾကးမ်ား ျပန္လ ည္ေပးေဆာင္မည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့သျဖင့္ အမႈမဖြင့္ခဲ့ဘဲ ေစာင့္ၾကည့္ ခဲ့ၾကသည္ဟု သိရေၾကာင္း ေညာင္အုပ္ ဖီးေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးတင္ဆင့္က ေျပာသည္။

ယခု ေဖေဖာ္ဝါရီ (၂၄)ရက္တြင္မႈ ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ေတာင္သူမ်ားႏွင့္ ၿမိဳ႕နယ္၊ခ႐ိုင္မွ လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ တာဝန္ရွိသူမ်ား ေတြ႕ဆုံေဆြးေႏြးကာ ၎ကတိေပးထားသည့္အတိုင္း ေခ်းေငြမ်ား ျပန္လည္ေပး သြင္းျ ခင္းမရွိသျဖင့္ ၿမိဳ႕နယ္လယ္ယာေျမဖြံ႕ၿဖိဳးေရးဘဏ္ မန္ေနဂ်ာမွ တရားလိုလုပ္ကာ အမႈဖြင့္ခဲ့ျခင္းျဖစ္သည္ဟု သိရေ ၾကာင္း ဦးတင့္ဆန္းက ဆိုသည္။

“ၿမိဳ႕နယ္၊ခ႐ိုင္ စိုက္ဘဏ္မန္ေန ဂ်ာေတြနဲ႔ ေတာင္သူေတြနဲ႔ ၿပီးခဲ့တဲ့ ၂၄ရက္က ႐ြာမွာေတြ႕ဆုံၾကတယ္ဗ်။ ေတြ႕ဆုံၾကေတာ့ ႐ြာသားေတြက ဘယ္ေန႔ဘယ္ရက္က သူ႔ဆီ ေငြသြင္းထားတယ္ေပါ့။ တင္ျပၾကတယ္။ အဲ့လို ထိပ္တိုက္ေတြ႕ ဆုံၿ ပီးေတာ့မွ အခုခ်ိန္ထိလည္း ၿမိဳ႕နယ္စိုက္ဘဏ္မွာ ေတာင္သူေတြရဲ႕ ေငြကို ေပးသြင္းျခင္း မရွိေသးတဲ့အတြက္ ဘယ္လိုေပးဆပ္မလဲ၊ ဘာလဲဆိုၿပီး သူတို႔ အမႈဖြင့္တဲ့သေဘာပါ” ဟု ဦးတင္ဆင့္က ရွင္းျပသည္။

ေငြေၾကးအလြဲ သုံးစားမႈျဖင့္ အမႈဖြင့္ခံရသူသည္ ေညာင္အုပ္ဖီးေက်း႐ြာအုပ္စု စိုက္ပ်ိဳးစရိတ္ေခ်းေငြ စိစစ္ေရးေ ကာ္မတီ အတြင္းေရးမႉးအျဖစ္ တာဝန္ယူထားသည္မွာ သုံးႏွစ္ခန႔္ရွိၿပီ ျဖစ္ေၾကာင္း၊ ယခင္က ယခုကဲ့သို႔ လုပ္ရပ္မ်ိဳး လုပ္ေ ဆာင္ခဲ့ျခင္း မရွိဘဲ ေတာင္သူမ်ားက ၿမိဳ႕နယ္လယ္ယာစိုက္ပ်ိဳးေရး ဘဏ္သို႔ သြားေရာက္ေပးသြင္းရန္ ခက္ခဲသည့္အတြက္ ၎ ထံ ေပးသြင္းခဲ့ရာမွ ယခုကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျ ဖစ္ေၾကာင္း ၎က ေျပာသည္။

Ref-MandalayIndepthNews #Myanmar_Online_News

Unicode

၀မ်းတွင်းမြို့နယ်တွင် စိုက်ပျိုး စရိတ်ချေးငွေ ကျပ် သိန်း(၂၀၀)ကျော် အလွဲသုံးစား ပြုလုပ်ခဲ့သည့် အတွင်း ရေးမှူးအား ဘဏ်မန်နေဂျာမှ အမှုဖွင့်

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာအုပ်စု စိုက်ပျိုးစရိတ်ချေးငွေ စိစစ်ရေးကော်မတီ အတွင်းရေး မှူးက စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း(၂၀၀)ကျော် အလွဲသုံးစားမှု ပြုလုပ်သည်ဟုဆိုကာ ဘဏ်မန်နေ ဂျာက မြို့နယ် ရဲစခန်း၌ အမှုဖွင့်တိုင်တန်းမှု ဖေဖေါ်ဝါရီ(၂၅)ရက်က ဖြစ်ပွားခဲ့သည်။

နိုင်ငံတော်ပိုင် စိုက်ပျိုး စရိတ်ချေးငွေ ကျပ်သိန်း(၂၀၀)ကျော် အလွဲသုံးစားပြုသည်ဟုဆိုကာ ဝမ်းတွင်းမြို့နယ် ညောင်း အုပ်ဖီးကျေးရွာနေ အသက်(၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးကို အရေးယူပေးရန် မြို့နယ် ဘဏ်မန်နေဂျာက အမှုဖွင့် တိုင်တန်းသဖြင့် ဝမ်းတွင်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၉ (ပြစ်မှုမကင်းသော ယုံ ကြည်အပ်နှံရေး ဖောက်ဖျက်မှု) ဖြင့် အမှုဖွင့်ထားသည်ဟု ရဲစခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ညောင်းအုပ်ဖီးကျေးရွာအုပ်စု စိုက်ပျိုးစရိတ် ချေးငွေစိစစ်ရေး အတွင်းရေးမှူး သည်တောင်သူ(၁၁) ဦး၏ လက်မှတ်အတုများဖြင့် ဝမ်းတွင်းမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ငွေကျပ်သိန်း(၁၃၀)ကျော် ထုတ်ယူကာ ကိုယ်ကျိုး အတွက် သုံးစွဲခဲ့ကြောင်း၊ ထို့အပြင် ယင်းကျေးရွာနေ တောင်သူ(၁၂)ဦးမှ ၎င်းထံပေးသွင်းထားသည့် ၂၀၁၈ မိုး စပါးချေး ငွေ ကျပ်သိန်း(၈၀)ကျော်ကိုလည်း လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ပြန်လည်ပေး သွင်းခြင်း မရှိဘဲ ကိုယ် ကျိုးအတွက် သုံးစွဲ ခဲ့သည်ဟုဆိုကာ အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ညောင်းအုပ်ဖီးကျေးရွာအုပ်စု စိုက်ပျိုးစရိတ်ေ ချးငွေစိစစ်ရေး အတွင်းရေးမှူးကို ဖမ်း ဆီးရမိရေး ဆောင်ရွက်နေကြောင်း ဝမ်းတွင်းမြို့မရဲစခန်းမှ တာဝန်ရှိရဲ အရာရှိတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လွန်ခဲ့သည့် နှစ်လကျော်ကတည်းက ကျေးရွာဒေသခံ တောင်သူများမှ ရဲစခန်းတွင် အမှု ဖွင့်ရန် လုပ်ဆောင်ခဲ့သော်လည်း ချေးငွေ စိစစ်ရေးကော်မတီ အတွင်းရေးမှူးက ငွေကြေးများ ပြန်လည်ပေးဆောင် မည်ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် အမှုမဖွင့်ခဲ့ဘဲ စောင့်ကြည့် ခဲ့ကြသည်ဟု သိရကြောင်း ညောင်အုပ် ဖီးကျေးရွာ အုပ် ချုပ်ရေးမှူး ဦးတင်ဆင့်က ပြောသည်။

ယခု ဖေဖော်ဝါရီ (၂၄)ရက်တွင်မှု ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တောင်သူများနှင့် မြို့နယ်၊ခရိုင်မှ လယ်ယာဖွံ့ဖြိုးရေး ဘဏ် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးကာ ၎င်းကတိပေးထားသည့်အတိုင်း ချေးငွေများ ပြန်လည်ပေး သွင်းြခင်း မရှိ သဖြင့် မြို့နယ်လယ်ယာမြေဖွံ့ဖြိုးရေးဘဏ် မန်နေဂျာမှ တရားလိုလုပ်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု သိရေကြာင်း ဦးတင့်ဆန်းက ဆိုသည်။

“မြို့နယ်၊ခရိုင် စိုက်ဘဏ်မန်နေ ဂျာတွေနဲ့ တောင်သူတွေနဲ့ ပြီးခဲ့တဲ့ ၂၄ရက်က ရွာမှာတွေ့ဆုံကြတယ်ဗျ။ တွေ့ဆုံကြတော့ ရွာသားတွေက ဘယ်နေ့ဘယ်ရက်က သူ့ဆီ ငွေသွင်းထားတယ်ပေါ့။ တင်ပြကြတယ်။ အဲ့လို ထိပ်တိုက်တွေ့ ဆုံြ ပီး တော့မှ အခုချိန်ထိလည်း မြို့နယ်စိုက်ဘဏ်မှာ တောင်သူတွေရဲ့ ငွေကို ပေးသွင်းခြင်း မရှိသေးတဲ့အတွက် ဘယ်လိုပေး ဆပ်မလဲ၊ ဘာလဲဆိုပြီး သူတို့ အမှုဖွင့်တဲ့သဘောပါ” ဟု ဦးတင်ဆင့်က ရှင်းပြသည်။

ငွေကြေးအလွဲ သုံးစားမှုဖြင့် အမှုဖွင့်ခံရသူသည် ညောင်အုပ်ဖီးကျေးရွာအုပ်စု စိုက်ပျိုးစရိတ်ချေးငွေ စိစစ်ရေးေကာ် မတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်မှာ သုံးနှစ်ခန့်ရှိပြီ ဖြစ်ကြောင်း၊ ယခင်က ယခုကဲ့သို့ လုပ်ရပ်မျိုး လုပ်ေ ဆာင်ခဲ့ခြင်း မရှိဘဲ တောင်သူများက မြို့နယ်လယ်ယာစိုက်ပျိုးရေး ဘဏ်သို့ သွားရောက်ပေးသွင်းရန် ခက်ခဲသည့်အ တွက် ၎င်း ထံ ပေးသွင်းခဲ့ရာမှ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းြ ဖစ်ကြောင်း ၎င်းက ပြောသည်။

Ref-MandalayIndepthNews #Myanmar_Online_News

Leave a Reply

Your email address will not be published. Required fields are marked *