ပုသိမ် အထွေထွေရောဂါကု ဆေးရုံကြီးတွင် တရုတ်ပြည်မှ ပြန်လာပြီး ဖျားနာသူအား ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် သီးသန့်ထားရှိပြီး စောင့်ကြည့်စစ်ဆေးနေ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်အထွေထွေရောဂါကု ဆေးရုံကြီးတွင် တရုတ်ပြည်မှ ပြန်လည်ရောက်ရှိလာပြီး ဖျားနာသူ လူနာတစ်ဦးအား ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် သီးသန့်ဆောင်တွင်ထားရှိပြီး ၎င်းနှင့်အတူ ပြန်လာခဲ့သူ သုံးဦးကိုပါ စောင့်ကြည့်စစ်ဆေး လျက်ရှိကြောင်း ပုသိမ်အထွေထွေရောဂါကု ဆေးရုံကြီးမှ သိရသည်။

အဆိုပါ သံသယလူနာမှာ ကျောင်းကုန်းမြို့နယ် ရွာတစ်ရွာတွင် နေထိုင်သူအမျိုးသား လူနာဖြစ်ပြီး တရုတ်နိုင်ငံ အတွင်းရှိ မြို့တစ်မြို့တွင် သွားရောက်လုပ်ကိုင်ခဲ့ပြီး မတ် ၇ ရက် တွင် မူဆယ်သို့ ရောက်ရှိကာ မတ် ၉ ရက်တွင် ၎င်းနေထိုင်ရာ ကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း၊ အပြန်လမ်းတွင် ချောင်းဆိုးခဲ့ပြီး မတ် ၁၁ ရက်တွင် စတင်ဖျားနာသဖြင့် သီးခြားထားရှိ စောင့်ကြည့်ခြင်းခဲ့ခြင်း ဖြစ်ကြောင်း ပုသိမ်အထွေထွေရောဂါကု ဆေးရုံ အုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ထံမှ သိရသည်။

“ပြန်လာတော့ လမ်းမှာပဲစပြီး ချောင်းဆိုးတယ်။ မဖျားဘူး၊ မနေ့ကစပြီးတော့ ဖျားတယ်။ ဖျားတာလည်း အများကြီးတော့ မဟုတ်ဘူး ၉၉ ဆိုတော့ ငွေ့ငွေ့လေးပဲဖျားတာ။ ဒါပေမဲ့ ကျွန်တော်တို့ကကျတော့ တရုတ်ပြည်က ပြန်လာတယ်၊ ဖျားတယ် ချောင်းဆိုးတယ် လည်ချောင်းနာတယ်ဆိုရင် သံသယလူနာလို့ သတ်မှတ်တာကို အဲဒီတော့ ကျောင်းကုန်းရဲ့ ကျန်းမာရေးဌာနကလည်း ကျွန်တော်တို့ဆီ ဆက်သွယ်ပါတယ်။ ကျွန်တော်တို့ဆီ မနေ့က ညက ၁ နာရီလောက်က ရောက်ပါတယ်။ လူနာက အားလုံးကောင်းတယ်။ ပက်လက်ကြီးလည်း မဟုတ်ဘူး။ ချောင်းလည်း တအားကြီး ဆိုးနေတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့က History အရ ပြန်လာတဲ့အတွက် COVID-19 ကြောင့် သီးခြားဆောင်မှာ ထားရှိခြင်း ဖြစ်ပါတယ်” ဟု ပုသိမ်အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောကြားသည်။

အလားတူပင် သံသယလူနာနှင့်အတူ ပြန်လာခဲ့သည့် သူငယ်ချင်း အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပါလာခဲ့ပြီး ၎င်းတို့အား ပြန်လွှတ်ရန် မသင့်တော်သဖြင့် မည်သူနှင့်မျှ အတွေ့မခံဘဲ သီးခြားထားရှိပြီး သံယလူနာ အပါအဝင် ၎င်းတို့ပါ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ဆက်လက်သိရသည်။

သံသယလူနာအား ဓာတ်ခွဲစမ်းသပ်အဖြေအတွက် မတ် ၁၂ ရက် ၁၂ နာရီကျော်တွင် ရန်ကုန်သို့ ပို့ဆောင်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ရလဒ်များ ထွက်ပေါ်လာသည်နှင့် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း ပုသိမ်အထွေထွေရောဂါကု ဆေးရုံကြီးမှ သိရသည်။

Source : Eleven

Unicode

Leave a Reply

Your email address will not be published. Required fields are marked *