ကိုရိုနာဗိုင်းရပ်စ်သည် ဖုန်းမျက်နှာပြင်များပေါ်တွင် ၉ ရက်ကြာအထိ ရှင်သန်နိုင်ပြီး လက်ကဲ့သို့ဖုန်းများကို သန့်ရှင်းပေးသင့်ကြောင်း သြစတြေးလျပညာရှင်သတိပေး

ကိုရိုနာဗိုင်းရပ််စ်ကာကွယ်နိုင်ရေးအတွက် လက်များ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များကို ဆေးကြောသကဲ့သို့ မိမိတို့၏ ဖုန်းများကိုလည်း မကြာခဏဆေးကြောပေးသင့်ကြောင်း သြစတြေးလျမှပညာရှင်တစ် ဦးက သတိပေးလိုက်သည်။

သြစတြေးလျနိုင်ငံ Griffith တက္ကသိုလ်မှ ကူးစက်မှုရောဂါများဆိုင်ရာ အထူးကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ် သည့် ပါမောက္ခ Nigel McMillan က သတိပေးလိုက်ခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ရေးအတွက် လက်ဆေးရုံဖြင့် မလုံလောက်ဘဲ ဖုန်းများကိုပါ ဆေးကြောသန့်ရှင်းသင့်သည်ဟု ဆိုသည်။

ပျမ်းမျခြင်းအားဖြင့် လူတစ်ဦးမှာ တစ်နေ့လျှင် ဖုန်းကို ၂၆၁၇ ကြိမ်နှုန်းထိတွေ့ကိုင်တွယ်မှုရှိပြီး ဖုန်းများပေါ်တွင်လည်း ဗိုင်းရပ်စ်များကပ်ငြိနေနိုင်သည်ဟု ၎င်းကဆိုသည်။

လေ့လာမှုစစ်တမ်းများအရ ကိုရိုနာဗိုင်းရပ်စ်သည်လည်း ချောမွေ့သည့်ဖန်သားနှင့်ပလပ်စတစ်မျက်နှာပြင်များပေါ်တွင် အခြေအနေကိုလိုက်၍ ၉ ရက်ကြာအထိ ရှင်သန်နေထိုင်နိုင်သည်ကို တွေ့ရှိရသည့်အတွက် ဖုန်းများကို အယ်လ်ကိုဟော ၆၀ မှ ၇၀ ရာခိုင် နှုန်းပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် မကြာခဏ ဆေးကြောသန့်ရှင်းပေးသင့်သည်ဟု ပါမောက္ခ Nigel McMillan က သတိပေးပြောကြားလိုက်ခြင်းဖြစ်သည်။
Ref ; Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *