ဒဂုံအရှေ့စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် လုပ် သက်တစ်နှစ်အောက်ဝန်ထမ်းများကို အ လုပ် ထုတ် မည်ဆိုသဖြင့် အလုပ်သမား နှစ်ထောင်ကျော် ဆန္ဒ ထုတ်ဖော်

ဒဂုံအရှေ့စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် လုပ်သက်တစ်နှစ်အောက်ဝန်ထမ်းများကို အလုပ်ထုတ်မည်ဆိုသဖြင့် အလုပ်သမား နှစ်ထောင်ကျော် ဆန္ဒထုတ်ဖော်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအ‌‌ရှေ့စက်မှုဇုန် ကနောင်မင်းသားကြီးလမ်းရှိ General Enterprises Garment စက်ရုံတွင် အော်ဒါမရရှိတော့ဟုဆိုသည့် အကြောင်းပြချက်ဖြင့် လုပ်သက်တစ်နှစ်အောက် အပါအဝင်ခြောက်လအောက် ဝန်ထမ်းများအားလုံးကို လူအင်အားလျှော့ချမည်ဖြစ်ရာ ယနေ့ မတ်လ (၂၆ )ရက်နေ့ တွင် ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရှိရသည်။

လူအင်အား လျော့ချခြင်းမပြုရန် အလုပ်သမားများ၏ တောင်းဆိုမှုကြောင့် အလုပ်သမားကိုယ်စားလှယ်၊ စက်ရုံတာဝန်ရှိသူများနှင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တို့နှင့် ဆွေးနွေးညှိနှိုင်းမှုအရ လုပ်သားလျော့ချမည့် အစီအစဉ်အား ပြန်လည်ဆွေးနွေးသုံးသပ်မည်ဖြစ်ကြောင်း သိရသည်။
Ref ; Eleven
<zawgyi>



Ref ; Eleven

Leave a Reply

Your email address will not be published. Required fields are marked *