အမေရိကန်နိုင်ငံမှာ သေဆုံးသူနဲ့ကူးစက်ခံရသူဦးရေ များပြားလာကြောင်း သိရ

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါကူးစက်ခံရသူပေါင်း ၆၈,၅၇၂ ဦးရှိလာပြီး သေဆုံးသူ ၁,၀၃၁ ဦး ရှိကြောင်း ဂျွန်ဟော့ကင်းစ် တက္ကသိုလ်ရဲ့ သုတေသန ထုတ်ပြန်ချက်အရ သိရပါတယ်။ သုတေသန မထုတ်ပြန်မီ အချိန်အနည်းငယ်အစောပိုင်းမှာ သေဆုံးသူဟာ ၈၂၇ ဦးသာရှိကြောင်း တွေ့ရပါတယ်။

အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့ အီတလီနိုင်ငံပြီးရင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ တတိယမြောက် အများဆုံး ဖြစ်လာကို တွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးနှုန်းဟာ ၁.၅ ရာခိုင်နှုန်း အထိရှိလာကြောင်းသိရပါတယ်။

ရောဂါပိုး ကူးစက်ခံရသူ အရေအတွက်ဟာ ထုတ်ပြန်နိုင်တဲ့အရေအတွက် ပိုများမယ်လို့ ယုံကြည်တဲ့အတွက် သေဆုံးနှုန်းရာခိုင်နှုန်းက ထုတ်ပြန်ချက်ထက် နည်းနိုင်ကြောင်း ဆိုပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်ဟာ ဗိုင်းရပ်စ်ပိုးဒဏ်ခံရဆုံး ပြည်နယ်ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် COVID 19 ကြောင့် သေဆုံးသူဟာ နယူးယောက် တစ်ခုတည်းမှာ ၂၈၀ ဦး ရှိပါတယ်။
MDN
#Myanmar_Online_News

>>zawgyi<<
အေမရိကန္ႏိုင္ငံမွာ ေသဆံုးသူနဲ႕ကူးစက္ခံရသူဦးေရ မ်ားျပားလာေၾကာင္း သိရ
Thursday, March 26, 2020

အေမရိကန္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ COVID 19 ေရာဂါကူးစက္ခံရသူေပါင္း ၆၈,၅၇၂ ဦးရွိလာၿပီး ေသဆုံးသူ ၁,၀၃၁ ဦး ရွိေၾကာင္း ဂြၽန္ေဟာ့ကင္းစ္ တကၠသိုလ္ရဲ႕ သုေတသန ထုတ္ျပန္ခ်က္အရ သိရပါတယ္။ သုေတသန မထုတ္ျပန္မီ အခ်ိန္အနည္းငယ္အေစာပိုင္းမွာ ေသဆုံးသူဟာ ၈၂၇ ဦးသာရွိေၾကာင္း ေတြ႕ရပါတယ္။

အေမရိကန္ႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံနဲ႔ အီတလီႏိုင္ငံၿပီးရင္ ဗိုင္းရပ္စ္ပိုးကူးစက္ခံရသူ တတိယေျမာက္ အမ်ားဆုံး ျဖစ္လာကို ေတြ႕ရပါတယ္။ အေမရိကန္ႏိုင္ငံမွာ ဗိုင္းရပ္စ္ပိုးေၾကာင့္ ေသဆုံးႏႈန္းဟာ ၁.၅ ရာခိုင္ႏႈန္း အထိရွိလာေၾကာင္းသိရပါတယ္။

ေရာဂါပိုး ကူးစက္ခံရသူ အေရအတြက္ဟာ ထုတ္ျပန္ႏိုင္တဲ့အေရအတြက္ ပိုမ်ားမယ္လို႔ ယုံၾကည္တဲ့အတြက္ ေသဆုံးႏႈန္းရာခိုင္ႏႈန္းက ထုတ္ျပန္ခ်က္ထက္ နည္းႏိုင္ေၾကာင္း ဆိုပါတယ္။

အေမရိကန္ႏိုင္ငံ နယူးေယာက္ျပည္နယ္ဟာ ဗိုင္းရပ္စ္ပိုးဒဏ္ခံရဆုံး ျပည္နယ္ျဖစ္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ COVID 19 ေၾကာင့္ ေသဆုံးသူဟာ နယူးေယာက္ တစ္ခုတည္းမွာ ၂၈၀ ဦး ရွိပါတယ္။
MDN
#Myanmar_Online_News

Leave a Reply

Your email address will not be published. Required fields are marked *