COVID-19 ကြောင့် ကွယ်လွန်သွားပြီဖြစ်တဲ့ ထိပ်တန်းစားဖိုမှူး Floyd Cardoz

အသက်(၅၉)နှစ် Floyd Cardoz ဟာ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမှာ ကြီးပြင်းခဲ့ပြီး၊ ဆွစ်ဇာလန်နိုင်ငံရှိ အချက်အပြုတ်ကျောင်းကို တက်ရောက်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် အမေရိကန်နိုင်ငံ နယူးယော့ခ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ အဲဒီနောက်မှာ ထိပ်တန်းစားဖိုမှူးမာစတာများပြိုင်ပွဲကနေ အနိုင်ရခဲ့ပြီး၊ ထိပ်တန်းစားဖိုမှူးအဖြစ် ကျော်ကြားလာပါတယ်။ သူဟာ နယူးယော့ခ်မြို့မှာ ဘုံဘေဘားတစ်ခုကိုလည်း ဖွင့်ခဲ့ပါတယ်။

Floyd Cardoz ဟာ အမေရိကန်နဲ့ အိန္ဒိယ အစားအစာနဲ့ပတ်သက်တဲ့ ချက်ပြုတ်နည်း စာအုပ်(၂)အုပ်ကို ရေးသားထုတ်ဝေခဲ့လို့လည်း လူသိများခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ထိပ်တန်းစားဖိုမှူး Floyd Cardoz ဟာ အခုလ(၂၅)ရက်က အမေရိကန်နိုင်ငံ နယူးဂျာစီမှာ ကွယ်လွန်သွားပြီလို့ ဟန်းဂါးကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သူဟာ မတ်လ(၁၈)ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာဖြစ်ပြီး၊ နယူးဂျာစီမှာရှိတဲ့ မောင်းတိန်းဆိုက်ကျန်းမာရေးစင်တာမှာ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့တာပဲဖြစ်ပါတယ်။
Source:CNN
#Myanmar_Online_News

>>zawgyi<<


Source:CNN
#Myanmar_Online_News

Leave a Reply

Your email address will not be published. Required fields are marked *