COVID-19 နှင့်ပတ်သက်ပြီး သ တင်းအမှား များဖြန့် ချိနေသည့် ဝက်ဘ်ဆိုက် ၅၀ ခန့်နှင့် ဖေ့ဘုတ်အကောင့် များ ပိတ်သိမ်းနေပြီဖြစ်

COVID-19 နှင့်ပတ်သက်၍ သတင်းအမှားများဖြန့်ချိနေသည့် ဝက်ဘ်ဆိုက် ၅၀ ခန့် ပိတ်သိမ်းပြီးဖြစ်ကာ ဖေ့စ်ဘုတ်အကောင့်များလည်း ပိတ်သိမ်းနေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိအခြေအနေတွင် ပြည်သူလူထုအကြား တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး အထိတ်တလန့်ဖြစ်အောင် လုပ်ဆောင်သူ မည်သူမဆို အရေးယူမည်ဖြစ်ကြောင်း၊ ဗိုင်းရပ်စ် ဂယက်ကို အသုံးချ၍ ရည်ရွယ်ချက်ရှိရှိ ကောလာဟလထုတ်လွှင့်နေသူများရှိနိုင်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းမီဒီယာများသို့ ပြောခဲ့ပါတယ်။

အဆိုပါ သတင်းအမှားများကြောင့် ပြည်သူများထိတ်လန့်မှုများဖြစ်ပေါ်လျက်ရှိပြီး Market များ၌ ဆေးပစ္စည်းအပါအဝင် စားသောက်ကုန်များ အလုအယက်ဝယ်ယူနေမှုများလည်း ရှိနေကြောင်း ယင်းသတင်းအမှားတွေ ဖြန့်ဝေနေခြင်းမှာ နိုင်ငံတော်နှင့် အများပြည်သူလည်းဒုက္ခရောက်နိုင်ကြောင်း အဆိုပါ သတင်းအမှားများအားဖော်ထုတ်အရေးယူနိုင်ရန် ဖေ့ဘုတ်အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်းသိရသည်။
Ref; The Myanmar Times
#Myanmar_Online_News

>>zawgyi<<
COVID-19 ႏွင့္ပတ္သက္ၿပီး သတင္းအမွားမ်ားျဖန္႕ခ်ိေနသည့္ ဝက္ဘ္ဆိုက္ ၅၀ ခန႔္ႏွင့္ ေဖ့ဘုတ္အေကာင့္မ်ား ပိတ္သိမ္းေနၿပီျဖစ္

COVID-19 ႏွင့္ပတ္သက္၍ သတင္းအမွားမ်ားျဖန႔္ခ်ိေနသည့္ ဝက္ဘ္ဆိုက္ ၅၀ ခန႔္ ပိတ္သိမ္းၿပီးျဖစ္ကာ ေဖ့စ္ဘုတ္အေကာင့္မ်ားလည္း ပိတ္သိမ္းေနေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနမွ သိရသည္။

လက္ရွိအေျခအေနတြင္ ျပည္သူလူထုအၾကား တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားၿပီး အထိတ္တလန႔္ျဖစ္ေအာင္ လုပ္ေဆာင္သူ မည္သူမဆို အေရးယူမည္ျဖစ္ေၾကာင္း၊ ဗိုင္းရပ္စ္ ဂယက္ကို အသုံးခ်၍ ရည္႐ြယ္ခ်က္ရွိရွိ ေကာလာဟလထုတ္လႊင့္ေနသူမ်ားရွိႏိုင္ေၾကာင္း ႏိုင္ငံေတာ္ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက သတင္းမီဒီယာမ်ားသို႔ ေျပာခဲ့ပါတယ္။

အဆိုပါ သတင္းအမွားမ်ားေၾကာင့္ ျပည္သူမ်ားထိတ္လန႔္မႈမ်ားျဖစ္ေပၚလ်က္ရွိၿပီး Market မ်ား၌ ေဆးပစၥည္းအပါအဝင္ စားေသာက္ကုန္မ်ား အလုအယက္ဝယ္ယူေနမႈမ်ားလည္း ရွိေနေၾကာင္း ယင္းသတင္းအမွားေတြ ျဖန႔္ေဝေနျခင္းမွာ ႏိုင္ငံေတာ္ႏွင့္ အမ်ားျပည္သူလည္းဒုကၡေရာက္ႏိုင္ေၾကာင္း အဆိုပါ သတင္းအမွားမ်ားအားေဖာ္ထုတ္အေရးယူႏိုင္ရန္ ေဖ့ဘုတ္အဖြဲ႕အစည္းမ်ားႏွင့္ ညႇိႏႈိင္း ေဆာင္႐ြက္ေနေၾကာင္းသိရသည္။
Ref; The Myanmar Times
#Myanmar_Online_News

Leave a Reply

Your email address will not be published. Required fields are marked *