အသွားအလာကန့်သတ်ခံရသူတစ်ဦးက ကျေးရွာအုပ်ချုပ်ရေးမှူးကို ဓားဖြင့်ထိုး

ကျွန်းလှမြို့တွင် တရုတ် နိုင်ငံမှ ပြန်လာပြီး Quarantine (သတ်မှတ်ထားသောနေရာတွင် အသွားအလာကန့်သတ်ခြင်း)  နေရာတွင် နေထိုင်သူတစ်ဦးက မူးယစ်သောက်စားကာ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးအားဓားဖြင့်ထိုးခဲ့၍ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ် ဆေးနေသည်။

စစ်ကိုင်းတိုင်း ကျွန်းလှမြို့ နယ် တင်းတိန်းအုပ်ချုပ်ရေးမှူး ဦးခင်မောင်စောအား တရုတ်နိုင်ငံမှ ပြန်လာသော အသက် (၃၉)နှစ်အရွယ် အမျိုးသားတစ်ဦးက ဓား ဖြင့်ထိုး၍ ထွက်ပြေးသွားခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါအမျိုးသားသည် ဧပြီ ၁၉ ရက် ည ၇ နာရီခန့်က ကော်မတီရုံးခန်းအတွင်း ဝင်ရောက်ကာ ဓားဖြင့်ထိုးခြင်းဖြစ် ကြောင်း ဦးခင်မောင်စောက ပြောသည်။

ဓားဖြင့်ထိုးသည့် အမျိုးသားသည် ယခင်က  ပြစ်မှုတစ်ခုကြောင့်  အကျဉ်းကျခဲ့ရာမှ  ပြီးခဲ့သည့်နှစ်ကမှ ထောင်မှ လွတ်လာသူဖြစ်သည်။

ဦးခင်မောင်စောက ‘‘ပြည်ပပြန်တွေနဲ့ ပြည်တွင်းက ပြန်ဝင်လာသူတွေကို စောင့်ကြည့်အနေ နဲ့  ခွဲထားတာကို ပေါင်းပြီးအရက် သောက်နေကြလို့ သွားတားတာ။ ထိုးတဲ့သူက တရုတ်က ပြန်တဲ့သူ။ဟိုအရင်ကလည်း အမှုတစ်ခုဖြစ်ဖူးတော့ ဖမ်းတာဆီးတာလုပ်တဲ့ အခါ ရန်ငြိုးထားပုံရတယ်’’ဟု  ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ဦးခင်မောင်စောသည် လည်ပင်းနှင့် လက်မောင်းတွင် ဓားဒဏ်ရာနှစ် ချက်ရခဲ့ပြီး ကျွန်းလှမြို့နယ် ပြည် သူ့ဆေးရုံတွင် ကုသနေကာ အသက်အန္တရာယ် စိုးရိမ်စရာမရှိ ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဓားဖြင့်ထိုး၍ ထွက်ပြေး သွားသူကို လိုက်လံဖမ်းဆီးရာ ဧပြီ ၂၀ ရက် နံနက် ၃ နာရီခန့်တွင် ဖမ်းမိခဲ့ပြီး စစ်ဆေးနေဆဲဖြစ် ကြောင်း ကျွန်းလှမြို့မရဲစခန်းမှ ဒုတိယရဲအုပ်တင်ဝင်းရွှေက ပြော သည်။

‘‘ပြည်ပကနေ ပြန်လာသူဖြစ် ဖြစ်၊ ပြည်တွင်းကပဲဖြစ်ဖြစ် အခုလိုမျိုး ကပ်ရောဂါကို အားလုံးဝိုင်း ဝန်းတိုက်ဖျက်နေချိန်မှာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက် ဖို့လိုပါတယ်။ မူးရူးပြီး ပြဿနာ ရှာတာ ရှက်စရာကောင်းပါတယ်’’ ဟု ကျွန်းလှမြို့ခံတစ်ဦးက ပြော သည်။

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Quaran-tine နေရာများတွင် ပြည်ပမှ ပြန်လာသူများကို ၂၁ ရက်နေထိုင် ရန်နှင့် နေအိမ်တွင် ခုနစ်ရက် ထပ်မံနေထိုင်ရန် အစိုးရက ညွှန် ကြားထားသည်။

Credit; 7Day News Journal

Leave a Reply

Your email address will not be published. Required fields are marked *