ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီ ဝန်ထမ်းတဦး မိုးကြိုးပစ်ခံရသဖြင့် သေဆုံး

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဝေခါကျေးရွာမှာ မိုးကြိုး ပစ်ခံရပြီး ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီ ဝန်ထမ်းတဦး သေဆုံးသွားခဲ့ပါတယ် ။

ဖားကန့်ရတနာနယ်မြေမှာ ဧပြီလ ၂၁ရက် ဒီကနေ့ ညနေပိုင်းက အချိန်ခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ည ၇ နာရီလောက်က ဧရာရတနာကျောက်စိမ်းတူးရေး ကုမ္မဏီရဲ့ ကျောက်ရှာ ဝန်ထမ်းတဦးဟာ မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တာ လို့ ဝေခါကျေးရွာ တာဝန်ခံ ဦးကျော်မင်း ကပြောပါတယ် ။

သေဆုံးသွားတဲ့ ဝန်ထမ်းဟာ မောင်ဒေးဗစ် (၂၀)နှစ် ၂/ဒမဆ(နိုင်) ၀၆၇၉၂၀ ကယားပြည်နယ် ဒီမောဆိုးမြို့နယ်၊ ယူဆမိုးဆိုရွာက လို့ ကျေးရွာ တာဝန်ခံက ဆိုပါတယ် ။

သေဆုံးသူဟာ မိုးရွာထဲမှာ လက်ကိုင်ဖုန်း ပြောစဉ် လျှပ်စီးကြောင်းမိပြီး မိုးကြိုးပစ်ခံရတာ ဖြစ်တယ်လို့လည်း ဦးကျော်မင်းက ပြောပါတယ်။” ကုမ္မဏီက ကျောက်ရှာဝန်ထမ်းပါ ။မိုးရွာထဲမှာ ဖုန်းပြောနေတုံးမိုးကြိုးပစ်ခံလိုက်ရတာပါ ။ခုတော့အလောင်းကို ဖားကန့်ဆေးရုံ ပို့ဘို့ စီစဉ်နေပါတယ် “လို့ ဝေခါကျေးရွာတာဝန်ခံ ဦးကျော်မင်းက ဆိုပါတယ် ။

သတင်း – Zaw Moe Htet
ဓါတ်ပုံ-ဝေခါကျေးရွာ တာဝန်ခံရုံး

Leave a Reply

Your email address will not be published. Required fields are marked *