ပလက်ဝမြို့ မြန်မာ့စီးပွားရေးဘဏ်ထဲ လက်နက်ကြီးကျ ၃ ဦးပွဲချင်းပြီး သေဆုံး

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ် မြန်မာ့ စီးပွားရေး ဘဏ်ထဲ ယမန်နေ့ ညနေ ၅ နာရီ ဝန်းကျင်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဘဏ်ဝန်ထမ်း စာရေးမ ဒေါ်နွယ်နွယ် အပါအဝင် ကလေး ၂ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မြို့ခံများကပြောကြားထားတယ်လို့ The Irrawaddy သတင်းမှာ ဖော်ပြထားပါတယ်။

ယမန်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်ကလည်း ပလက်ဝ မြို့ တဘက်ကမ်း မီးစာ ( သစ် ) ကျေးရွာအနီး စိုက်ခင်းထဲသို့ လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲသည့်အတွက် ဟင်းခူးနေသူ အသက် ၄၀ ကျော် အရွယ် ဒေါ်သန်းသန်းဝင်းမှာ နေရာတွင် သေဆုံးသွားခဲ့ကြောင်း ကာသကံရှင် မိသားစုဝင်များက ပြောသည်။

လက်ရှိအချိန်တွင်လည်း ပလက်ဝမြို့အနီးဝန်းကျင်တွင် တပ်မတော်နှင့် AA တို့ ထိတွေ့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

Source ; The Irrawaddy

Leave a Reply

Your email address will not be published. Required fields are marked *