မင်္ဂလာဒုံ၊ ဗိုလ်တထောင်၊ တာမွေနှင့် အင်းစိန်မြို့နယ်တို့မှ COVID-19 အတည်ပြုလူနာသစ် တစ်ဦးစီ စုစုပေါင်း ပိုးသစ်တွေ့သူ လေးဦးထပ်မံတွေ့ရှိခဲ့ပြီး ၎င်းတို့သည့် COVID အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိခဲ့

မင်္ဂလာဒုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ တာမွေမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့မှ COVID-19 အတည်ပြုလူနာသစ် တစ်ဦးစီ စုစုပေါင်း ပိုးသစ်တွေ့သူ လေးဦးထပ်မံတွေ့ရှိခဲ့ပြီး ၎င်းတို့သည့် COVID-19 ရောဂါ တည်ပြုလူနာများနှင့် ထိတွေ့မှုရှိနေခဲ့ပြီး ပြည်ပသို့ ခရီးသွားရဇဝင် မရှိသူများ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နံနက် ၇ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ စုစုပေါင်း ၁၂၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ယနေ့ (ဧပြီ ၂၃) ရက် ထုတ်ပြန်ချက်တွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၂၂-၄-၂၀၂၀) ရက်နေ့၊ ညတွင် (ဒုတိယအသုတ်) စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၇၂) ခုအနက် (၄) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၆၈) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ကြောင်း၊ ဆိုပါ ရောဂါပိုးတွေ့ရှိခဲ့သော လူနာသစ် (၄) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည် ဖြစ်ကြောင်း ပါရှိသည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *