တောင်ပေါ်အမြင့် ပေ၃၀၀ခန့်မှ (၁၃) ပေ ပတ်လည်ခန့် ကျောက်တုံး ကျောင်းခေါင်မိုးပေါ် ပြုတ်ကျ၍ သံဃာ တော်တစ်ပါး ပျံလွန်တော်မူ

ကရင်ပြည်နယ် ဘားအံမြို့နယ် ဘင်ဂျီကျေးရွာအုပ်စုဘုရင်ညီ‌နောင်ဂူဘုရား လှိုင်ဂူဝအနီးရှိကျောင်းကြီးကျောင်းတွင်သီတင်းသုံးနေသော ဦးပဇ္ဇင်းဦးပညာ သက်တော် (၂၇) ဝါတော် (၇) ဝါသည် ယနေ့ နံနက်ပိုင်းက ဆွမ်းခံရာမှပြန်လည်ရောက်ရှိလာပြီး အနားယူနေစဉ်

ဘုရင့်ညီနောင် တောင်ပေါ်အမြင့်ပေ (၃၀၀) ခန့်မှ (၁၃) ပေပတ်လည်ခန့် ကျောက်တုံးမှာ ‌ကျောင်း၏‌ခေါင်မိုးပေါ်သို့ ပြုတ်ကျခဲ့ရာ ဆရာတော်တွင် ဦးခေါင်းထိတ်ပေါက် ဝဲ/ယာ လက်ကျိုးကြေ ဝဲခြေသားလုံးကျိုးကြေ ဒဏ်ရာများရရှိကာ ပျံတော်မူသွားခဲ့ကြောင်းသိရသည်။

ဆရာတော်သည် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြိုးဝိုင်းကျေးရွာဇာတိဖြစ်ပြီး လွန်ခဲ့သော(၆) နှစ်ခန့်မှ လာရောက်သီတင်းသုံ နေထိုင်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

Crd ; မင်းသူ(ဘားအံ) Ko HtetAung

Leave a Reply

Your email address will not be published. Required fields are marked *