မင်းရာဇာနဲ့ ဇနီးဖြစ်သူဖမ်းမိထားကြောင်း DKBA က အတည်ပြု

အိမ်အကူအမျိုးသမီးငယ်တစ်ဉီးကို အက်ဆစ်နဲ့ပက်တာ၊ ဓားနဲ့ထိုးတာ၊ တူနဲ့ရိုက်တာစတဲ့ ကိုယ်ထိလက်ရောက် စော်ကားမှု တွေ လုပ်ခဲ့တယ်ဆိုပြီး အမှုဖွင့်ခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာနဲ့ ဇနီးဖြစ်သူတို့ကို မြဝတီမြို့နယ် ကျောက်ခက် ကျေးရွာ မှာ ဧပြီလ ၉ ရက်နေ့ညက ဖမ်းမိတယ်လို့ DABK ရုံးက ဆက်သွယ်ရေးတာဝန်ခံ ဗိုလ်ကြီးစောကျော်သန်းဌေးက ဘီဘီစီကို ပြောပါတယ်။

“အခုဖမ်းထားတာက မင်းရာဇာရယ်၊ သူ့မိန်းမရယ်၊ သူ့တပည့်ရယ် ပါ “လို့လည်း သူကပြောပါတယ်။ သူတို့ကို မြ၀တီ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဆီကို တရားဝင် လွှဲပြောင်း ပေးအပ်ဖို့ ဆောင်ရွှက်နေပြီး မကြာမီ လွှဲပြောင်းပေးဖို့ရှိတယ်လို့လည်း သူက ပြောပါတယ်။

ရုပ်ရှင် သရုပ်ဆောင် မင်းရာဇာ၊သူ့အမျိုးသမီးနဲ့ ယောက္ခမတို့ဟာ အိမ်အကူ အမျိုးသမီးငယ်ကို ကိုယ်ထိလက်ရောက် စော်ကားမှုတွေ လုပ်ခဲ့တယ်ဆိုပြီး ရွှေပါက်ကံမြိုနယ် ရဲစခန်းမှာ အမှုဖွင့်ခံထားခဲ့ရပါတယ်။

အိမ်အကူ အမျိုးသမီးငယ်ဟာ အသက်မပြည့်သေးသူဖြစ်သလို အိမ်ရှင် သရုပ်ဆောင်မင်းရာဇာ က လိင်ပိုင်းဆိုင်ရာ ကျူး လွန် ခဲ့တာတွေရှိတယ် ဆိုပြီး တော့လည်း မိန်းကလေးရဲ့ မိသားစုဝင်တွေက ဘီဘီစီကို ပြောပါတယ်။

လက်ရှိ အချိန်မှာ အဲ့ဒီ့အမျိုးသမီးငယ်ဟာ လိင်အင်္ဂါမှာ ထိခိုက်မှု အပြင်းအထန် ခံနေရပြီး မြောက်ဥက္ကလာပဆေးရုံမှာ တင် ထားရပါတယ်။ အဲ့ဒီနောက်မှာ စွပ်စွဲခံထားရတဲ့ သရုပ်ဆောင်မင်းရာဇာနဲ့ ဇနီး ဖြစ်သူတို့ဟာ တိမ်းရှောင်နေခဲ့တာ လည်းဖြစ် ပါတယ်။

ရွှေပေါက္ကံရဲစခန်းက ဒီအမှုနဲ့ပတ်သက်ပြီး တာမွေမြို့နယ်၊ကျောက်မြောင်းရပ်ကွက်၊ဇောတိကလမ်းနေ ရုပ်ရှင် သရုပ်ဆောင် မင်းရာဇာ၊ ဇနီးဖြစ်သူ မဖူးငုံပွင့်၊နဲ့ ဦးမောင်မောင်အေးတို့ကို ပုဒ်မ ၃၂၄၊၃၂၅၊၃၅၄၊၁၁၄တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။

Credit ; BBC Burmese

Leave a Reply

Your email address will not be published. Required fields are marked *