ပုဇွန်တောင်ချောင်းအတွင်း အမျိုးသမီး တစ်ဦး ခုန်ချသေဆုံး ((ဗွီဒီယိုဖိုင်ကြည့်ရန်)

တာမွေမြို့နယ် မြန် မာ့ဂုဏ်ရောင် အိမ်ရာဝင်းနေ အ မျိုးသမီးတစ်ဦးသည် ပုဇွန်တောင် ချောင်းအတွင်း ခုန်ချသေဆုံးမှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။

ဇွန်လ ၇ ရက် နံနက် ၃ နာရီ က မြန်မာ့ဂုဏ်‌ရောင် အိမ်ရာဝင်း နေ အသက်(၄၇)နှစ်အရွယ်အမျိုး သမီးမှာ ယင်းအိမ်ရာဝင်းအ နောက်ဘက် ပုဇွန်တောင်ချောင်း ရှိ ဆိပ်ခံတံတားပေါ်မှ ခုန်ချခဲ့ခြင်း ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ် လက်ထောက် မီးသတ်ဦး စီးမှူးဦးဇော်ခမ်းဝေက ပြော သည်။

‘‘ကျွန်တော်တို့ သတင်းရ တာက မနက် ၃ နာရီလောက်မှာ။ အိမ်ရာလုံခြုံရေး ဝန်ထမ်းတွေ ပြောတာက ပုဇွန်တောင်ချောင်း ထဲကို ခုန်ချသွားတယ်လို့ ပြော တယ်။ ဒါနဲ့ ကျွန်တော်တို့လည်း ချောင်းတစ်လျှောက် လိုက်ရှာခဲ့ တယ်။ ရေကလည်း တက်နေတဲ့ အချိန်ဆို‌တော့ အဆင်မပြေခဲ့ဘူး။  ရှာမတွေ့ခဲ့ဘူး’’ဟု ဦးဇော်ခမ်းဝေ က ပြောသည်။

ပုဇွန်တောင်ချောင်းထဲသို့ ခုန်ချသွားသည့် အမျိုးသမီးကို မင်္ဂလာတောင်ညွန့်မြို့နယ် မီး သတ်တပ်ဖွဲ့မှ အခင်းဖြစ်ပွားချိန်မှ နံနက် ၅ နာရီအထိ ရှာဖွေခဲ့ရာ မတွေ့ရှိခဲ့ကြောင်း ၎င်းက ဆို သည်။ ထို့နောက် နံနက် ၉ နာရီ တွင် မီးသတ်တပ်ဖွဲ့ က စက်တပ် သမ္ဗာန်နှစ်စီးဖြင့် ပုဇွန်တောင် ချောင်းတစ်လျှောက် ထပ်မံရှာဖွေ ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

ထိုသို့ရှာ‌‌ဖွေခဲ့ရာ နေ့လယ် ၁၂ နာရီတွင် ဗန္ဓုလ တံတား အောက် ဟိုင်လုံဆိပ်ကမ်းတွင် ယင်း အမျိုးသမီး၏ ရုပ်အလောင်း ကိုရှာဖွေတွေ့ရှိခဲ့ကြောင်း ဦးဇော် ခမ်းဝေက ပြောသည်။ သေဆုံးသူအမျိုးသမီးမှာ စိတ်ကျန်းမာရေး မကောင်းသူ တစ်ဦးဖြစ်ကြောင်း စစ်ဆေးသိရှိ ရသည်ဟု ၎င်းက ဆက်လက် ပြောသည်။

‘‘သေဆုံးသူရဲ့ မိသားစုဝင် တွေပြောတာတော့ အဲဒီအမျိုးသ မီးက စိတ်ကျန်းမာရေး ခံစားနေရ တဲ့သူလို့ပြောတယ်။ သူအိပ် မပျော်တာလည်း  လေးငါးရက် ရှိပြီလို့သိရတယ်။ အခင်းဖြစ် ညကလည်း အိပ်မပျော်လို့ ပန်း ပင်တွေရေလောင်းတယ်။ သူ့ အိမ်သားတွေအိပ်တဲ့အချိန်အပြင် ကိုထွက်သွားပြီး ချောင်းထဲကို ခုန်ချခဲ့တာလို့သိရတယ်’’ ဟု ဦး ဇော်ခမ်းဝေက ရှင်းပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဗိုလ်တထောင်မြို့မရဲစခန်းက သေမှုသေခင်းဖြင့် အမှုဖွင့်ပြီး စစ် ဆေးဆောင်ရွက်နေကြောင်း အ ဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘လက်ရှိတော့ သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေပါ တယ်။ ရေနစ်သေဆုံးတဲ့ လက္ခ ဏာတွေတော့ တွေ့ရတယ်’’ ဟု ၎င်းရဲအရာရှိက ပြောသည်။

Credit ;7 Day News Journal

Leave a Reply

Your email address will not be published. Required fields are marked *