၁၄ နှစ် အရွယ် သမီးကို သားမယားပြုကျင့်ပြီး တိမ်းရှောင်သွားသည့် ဖခင်ကို ကော့သောင်း၌ ဖမ်းမိ (ဗွီဒီယိုဖိုင်ကြည့်ရန်)

မြိတ်မြို့၌ ၁၄ နှစ်အရွယ်သမီးကို သားမယားပြုကျင့်ပြီး တိမ်းရှောင်သွားသည့်  ဖခင်ကို  ကော့သောင်းတွင် ဖမ်းဆီးရမိခဲ့ပြီး ယနေ့ ဇွန် ၁၂ ရက်နေ့တွင် လွှဲပြောင်းခဲ့ကြောင်း သိရသည်။

ဇွန် ၁၀ ရက် ည ၈ နာရီ ၁၀ မိနစ်အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အလယ်ကျွန်းနယ်မြေနေ အသက် ၃၁ နှစ် အရွယ် တိုင်တန်းသူအမျိုးသမီး အိမ်၌ ရှိနေစဉ် ၎င်း၏ အသက် ၁၄ နှစ် အရွယ် သမီးဖြစ်သူမှာ ခေါင်းမူးသည်ဟုပြောဆိုကာ နေအိမ်အရှေ့ အိမ်ပေါက်ဝတွင် လဲကျသတိလစ်မေ့မြောသွားခဲ့ပြီး မိန်းမကိုယ်မှသွေးများ ဆင်းနေခဲ့သည်။

သမီးငယ်ကို မြိတ်မြို့ ကန်ခေါင်းရပ်ကွက်ရှိ မိခင်နှင့်ကလေးဆေးရုံကြီးသို့တင်ပို့ကုသခဲ့ပြီး သမီးကို ကုသစစ်ဆေးခဲ့ရာ သားအိမ်ပုပ်နေပြီး ပြည်လိုက်နေကြောင်းပြောပြသိရသဖြင့် ခွဲစိတ်ကုသ ခဲ့ရသည်။



အဆိုပါရောဂါနှင့် ပတ်သက်၍ မေးမြန်းရာ လွန်ခဲ့သော(၃)လခန့်ကစ၍ ရာသီသွေးမပေါ်ကြောင်း၊ ထိုသို့ ရာသီသွေးမပေါ်ခြင်းမှာ ရက်မမှတ်မိ ညအချိန်၌ နေအိမ်အတွင်း အသက်(၁၀)နှစ်၊ အသက် (၈)နှစ်အရွယ် မောင်နှမများနှင့်အတူ အိပ်ပျော်နေစဉ် ဖခင်အရင်းဖြစ်သူဇော်လင်း(၃၆)နှစ်က သားမယားအဖြစ်ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သမီးငယ်ကပြောဆိုခဲ့သည်။

ဖခင်ဦးဇော်လင်းက သားမယားအဖြစ်ပြုကျင့်သည့် အရေတွက်ကို မေးမြန်းစုံစမ်း၍ မရသော်လည်း သမီးဖြစ်သူအား သားမယားအဖြစ်ပြုကျင့်ခဲ့သူ”ဇော်လင်း(ခ)ခိုင်ဒူဇော်(၃၈ နှစ်) ကို ဥပ ဒေအရ အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

မြိတ်မြို့မရဲစခန်း အမှုကြီးအမှတ်(၆/၂၀၂၀)၊(ပ)၈၁၁/၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်ကာ စခန်းမှူးဒုရဲမှူးချိုလွင်က စစ်ဆေးခဲ့သည်။

ပြစ်မှုကျူးလွန်သူ ဇော်လင်းမှာ လွန်ခဲ့သော(၁၀)ရက်ခန့်မှစ၍ အလုပ်သွားမည်ဟုပြောဆိုကာ နေအိမ်မှ ထွက်ခွာသွားသဖြင့် ဖမ်းဆီးစစ်ဆေးရန် စုံစမ်းခဲ့ရာ ကော့သောင်းတွင် ရောက်ရှိနေကြောင်း သိရ၍ သက်ဆိုင်ရာက ကော့သောင်းရဲစခန်းနှင့် ချိတ်ဆက်ခဲ့သည်။

ဇွန် ၁၁ ရက် မွန်းလွဲ ၁နာရီအချိန်တွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သက်နိုင်စိုး ဦးစီးအဖွဲ့က ရွာသာယာကျေးရွာ၌ မြိတ်မြို့မှ ပြစ်မှုကျူးလွန်ကာ ထွက်ပြေးနေသူ ဇော်လင်း(ခ)ခိုင်ဒူဇော် ကို ရွာလယ်လမ်းတွင် ကော်ဇောများ လိုက်လံရောင်းချစဉ် တွေ့ရှိဖမ်းဆီးခဲ့ပြီး ယနေ့ ဇွန် ၁၂ ရက်နေ့ တွင် မြိတ်မြို့မရဲစခန်းသို့ လွှဲပြောင်းခဲ့သည်။

Credit; Myanmartimes

Leave a Reply

Your email address will not be published. Required fields are marked *