အသက် ၁၁ နှစ်အရွယ် မြေးကို ကိုယ်ဝန် ၅ လကျော် သည်အထိ အဖိုးက သားမယားပြုကျင့်မှု ဖြစ် (ဗွီဒီယိုဖိုင်ကြည့်ရန်)

လှိုင်သာယာ အနောက်ပိုင်းမြို့နယ်တွင် အသက် ၆၄ နှစ်အရွယ် အဖိုးက တစ်အိမ်တည်းနေ အသက် ၁၁ နှစ်ခန့်အရွယ် မြေးကို ကိုယ်ဝန် ၅ လကျော် သည့်တိုင် သားမယားပြုကျင့်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ဇွန် ၁၅ ရက်တွင် ရဲတပ်ဖွဲ့မှသိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ တိုင်တန်းသူ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးသည် ၎င်း၏ ဒုတိယခင်ပွန်းဖြစ်သူ ဦးတင်မြင့် (၆၄ နှစ်) နှင့် အသက် ၁၁ နှစ် အရွယ်ခန့်ရှိ မြေးဖြစ်သူတို့နှင့်အတူ လွန်ခဲ့သော ၃ နှစ်ခန့်မှစတင်၍ အခင်းဖြစ်နေအိမ်၌ အတူနေထိုင်ခဲ့သည်ဟု ဆိုသည်။

ထိုသို့နေထိုင်စဉ် ဇွန် ၁၀ ရက်နေ့ ည ၇ နာရီ အချိန်ခန့်တွင် မြေးဖြစ်သူ ဗိုက်ပူထွက် နေသည်ကိုမသင်္ကာသဖြင့် ညီမဖြစ်သူနှင့်အတူ ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ ကိုယ်ဝန်(၅)လကျော်ရှိ နေကြောင်း သိရှိရ၍ မေးမြန်းခဲ့သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ရက်မမှတ်မိသည့် ညနေ ၆နာရီ အချိန် နေအိမ်တွင် တိုင်တန်းသူ၏ ခင်ပွန်းဖြစ်သူ ဦးတင်မြင့်(၆၄)နှစ် နှင့် နှစ်ဦးတည်းရှိနေစဉ် ဦးတင်မြင့်က သမီးလာဦး ဟုခေါ်ကာ ဘယ်သူမှ မပြောရန်နှင့်ပြောရင် သတ်ပစ်မည်ဟုခြိမ်းခြောက်ပြောဆိုကာ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ဆိုသည်။

ကလေးငယ်မှာ ခြိမ်းခြောက်ခံထားရသဖြင့် မည်သူကိုမျှ ပြန်မပြောဘဲ ငြိမ်နေခဲ့သော်လည်း ၎င်းနောက်ပိုင်းမှ စတင်ကာ (၃/၄) ရက်ခန့်ခြားပြီး သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ ကိုယ်ဝန်ရှိသည်ကို မသိသော်လည်း ဗိုက်မှာ တဖြည်းဖြည်းပူလာသဖြင့် အဖွား (တိုင်တန်းသူ)က မေးမြန်းစစ်ဆေးရာက သိရှိခဲ့ခြင်းဖြစ်ကြောင်း ပြောပြသိရှိရသည်ဆိုကာ သက်ဆိုင်ရာသို့ တိုင်တန်းခဲ့သည်။

သောင်ကြီးနယ်မြေရဲစခန်းက (ပ)၁၃၁၈/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် ကာ ဆက်လက် စစ်ဆေးလျက်ရှိသည်။

Credit; Myanmartimes

Leave a Reply

Your email address will not be published. Required fields are marked *